Traditional Medicine Blogs

အတွင်းရောဂါကြုံလာပြီဆိုရင်

Written by Yamin Thiri Khaing | May 24, 2024 2:20:32 PM

အတွင်းဒဏ်တွေက အသက်အပိုင်းအခြားမရွေးခံစားရတတ်တယ်ဆိုပေမယ့် အသက်အရွယ်ရလာတဲ့သူတွေမှာ ပိုပြီး ခံစားရစေပါတယ်။ တချိန်တုန်းက ထိမိ၊ ခိုက်မိခဲ့တဲ့ဒဏ်ရာတွေကနေ အခုချိန်မှာ အတွင်းဒဏ်အနေနဲ့ ဝေဒ နာအမျိုးမျိုးပြန်ပေါ်လာတတ်တာမျိုးရှိသလို တချို့ကြတော့ အမှတ်တမဲ့နဲ့ သိတောင်မသိလိုက်ပဲ ထိမိ၊ ခိုက်မိ ခဲ့တဲ့နေရာတွေကနေ အေးတဲ့အခါမှာဖြစ်ဖြစ် အတွင်းဒဏ်အနေနဲ့ ပြန်ပေါ်လာပြီးခံစားတတ်ရပါတယ်။ ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ အတွင်းဒဏ်တွေခံစားလာရပြီဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်စေတတ်တာမို့ အိမ်တွင်းကုသ နည်းလေးတွေကို မျှဝေပေးချင်ပါတယ်ဗျ။


- ဒဏ်ကြေ- ဒဏ်ကြေအတွင်းကြေဖြစ်ပါက ဆားကြပ်ထုပ် ထိုးပေးပါ။
- ဒဏ်- ထိခိုက်အတွင်းကြေဒဏ်တို့ကို ထုံးနဲ့နွနင်းရောစပ်လိမ်းပေးပါ။
- ဒူးဆစ်ကိုက်ခြင်း- ဒူးခေါင်းကိုက်ခဲခြင်းနဲ့ အဆစ်ကွေးပြီးဆန့်မရခြင်းတွေဖြစ်ပါက ငဖြူကြီးအစေးကို (၃)ရက် ဆက်တိုက်လိမ်းပေးပါ။
- ထုံကျဉ်ကိုက်ခဲခြင်း- ထုံကျဉ်ကိုက်ခဲပါက ဂျင်းရည်(၂)ကျပ်သား၊ ငရုတ်ကောင်းမှုန့်(၁၂)ကျပ်သား၊ ဆား(၁)ကျပ် သားကို နှမ်းဆီနဲ့ဖျော်ပြီး လိမ်းပေးပါ။

- ညောင်းညာကိုက်ခဲခြင်း-မြင်းခွာရွက်ကို ဆီးဖြူခေါက်နဲ့ရောပြီး ဆားအနည်းငယ်ထည့်ကာ သုံးခွက်တစ်ခွက်တင် အောင်ကျိုပါ။ နံနက်တိုင်းသောက်ပေးပါက ညောင်းညာကိုက်ခဲတာကို သက်သာစေပါတယ်။
- အဆစ်ရောင်ခြင်း- တရုတ်စကားပင်မှ အစေးကိုအဆစ်ရောင်တဲ့နေရာမှာ လိမ်းပေးပါ။(သို့) ကသစ်ရွက်ကိုကြိတ် ပြီးလိမ်းပေးပါ။
- အဆစ်လွဲခြင်း- ညောင်ခြေထောက်အစေးကို လိမ်းပေးပါ။
- အဆစ်အမျက်ကိုက်ခဲခြင်း- တမာအတွင်းခေါက်ကို ခပ်ပျစ်ပျစ်သွေးပြီး တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။
- အကြောကိုက်- ကြက်သွန်ဖြူကို အရည်ထုတ်ပြီး ပွတ်လိမ်းပေးပါ။ (သို့) ကြွက်နပေါင်းမြစ်ကို နွားနို့နဲ့သောက်ပေး ပါ။
- အကြောတက်ခြင်း- ငဖြူကြီးအရိုးနဲ့အကိုင်းခြောက်ကို မီးရှို့ပြီး အငွေ့ရှူပေးပါ။ တစ်နေ့သုံးကြိမ်ရှူပေးပါက နှစ်ရှည်လများ စွဲကပ်နေတဲ့ -အကြောတက်ဝေဒနာကိုတောင် ပျောက်ကင်းစေပါလိမ့်မယ်။
- အရိုးအဆစ်နာခြင်း- ကောက်ရိုးနွယ် ပဉ္စငါးပါးကိုကြိတ်ပြီး ပတ်တီးနဲ့ ထုပ်စည်းပေးထားပါက သက်သာပျောက် ကင်းစေပါတယ်။
- ခါးနာခါးကိုက်ခြင်း- ငါးရှဉ့်ပနီအခြောက်ကို ဆီးဖြူသီးနဲ့ နူးအောင်ပြုတ်ပါ။ ထို့နောက် ကြက်သွန်နီ၊ နှမ်းတို့နဲ့ မကြာမကြာ ကြော်ချက်စားပေးပါ။ (သို့) ညောင်ခြေထောက်ပင်ရဲ့ နို့စေးရည်ကို လိမ်းပေးပါ။
- ရင်ဘတ်နာခြင်း- သင်္ဘောအဖိုပွင့်ကို သုပ်ပြီး သံပုရာသီးအနည်းငယ်ညှစ်ထည့်၍ စားပေးပါ။
- ခေါင်းကိုက်ခြင်း- ကုက္ကိုပွင့်ကိုကြိတ်ကာ ရေနဲ့ရောပြီး ဉီးခေါင်းနဲ့နားထင်ကို လိမ်းပေးပါ။ (သို့) ကြက်သွန်ဖြူကို ထောင်းပြီး ဆားနဲ့ရောသောက်ပါ။ အနံ့ကို လက်ဝါးနဲ့ပွတ်ပြီး ရှူပေးပါ။


နောက်ဆုံးဆေးကောင်းတစ်လတ်အနေဖြင့် ဒဏ်ထိဒဏ်အောင့်၊ ဒူးနာ၊ ခါးနာ၊ ကြွက်သားနာ၊ အဆစ် အမြစ်ကိုက်ခဲခြင်း၊ အဆစ်လွဲခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း၊ အကြောသေ၊ အကြောကပ်၊ အကြောရောဂါ အမျိုးမျိုးခံစားနေရပါက ကျွန်တော်တို့ရဲ့ သင်းကြူကြူမွှေး သဘာဝဆေးမြစ်စုံရည်ကို သုံးစွဲနိုင်ပါတယ်ဗျ။