Skip to content

သက်ရင်းကြီး၏ အသုံး၀င်ပုံ

သက်ရင်းကြီးဆိုတဲ့ဆေးဘက်ဝင်အပင်က အစွမ်းထက်လွန်းလို့ တိုင်းရင်းဆေးလောကနဲ့ အိမ်တွင်းကုထုံး ဆေးမြီ တိုတွေအတွက်တော့ ရတနာတစ်ပါးလို့ဆိုရမှာပါ။ဒါပေမယ့် သက်ရင်းကြီးအပင်ကို မသိသေးတဲ့သူတွေလည်း ရှိနေနိုင်တာမို့ သူ့ရဲ့အစွမ်းသတ္တိတွေအကြောင်းမပြောခင် အပင်ပုံသဏ္ဌာန်လေးကို အရင်ပြောပြပါမယ်။ 😉😉

မြန်မာ နိုင်ငံတဝှမ်းမှာ သဘာဝအလျှောက်အလေ့ကျပေါက်ရောက်ပြီး အမြင့်ပေ(၃၀)လောက်အထိ မြင့်တက်နိုင်တဲ့ ပင်စည်ဖြောင့် အပင်လတ်တစ်မျိုးပါ။ 🌿🌿အရွက်တွေက ထိပ်ဖျားချွန်ပြီး ရွက်ရင်းသွယ်ကာ အလယ်ပိုင်း ကျယ်ကား ပါတယ်။ ပင်စည်က အပွေး အခေါက်တွေနဲ့ အညိုရောင်ရှိပါတယ်။ အပွင့်တွေလည်း အခိုင်လိုက်ပွင့်ပါသေးတယ်။ ဒီလိုသာမန်အပင်လေးကို ဘာ့ကြောင့်ရတနာပင်လို့ တင်စားရသလဲဆိုရင်…

သက်ရင်းကြီး အရွက် 🍃

သက်ရင်းကြီးအရွက်နုနုကိုနေ့စဉ် ပြုတ်စား၊ သုပ်စားမယ်ဆိုရင် အသည်းကြီးသူ၊ အသည်းအဆီဖုံးသူ၊ ရောင်သူ၊ ဖောသူတွေကို သက်သာစေနိုင်သလို အစာမကြေရောဂါရှိသူ၊ ဝမ်းတွင်းအလုံးအကြိတ်ရှိသူ၊ ဝမ်းကိုက်သူတွေ အတွက်လည်း သက်သာစေပြီး ဝမ်းမှန်လေမှန်စေပါတယ်။ အနာတွေမကျက်နိုင်ပဲ ပြည်စို့နေတယ်ဆိုရင် အရွက်ကို ကြိတ်ပြီး အုံပေးလိုက်ပါက အနာအမြန်ကျက်စေပါတယ်။ ဒူးနာ၊ ခါးနာ၊ ပွေးဝဲ၊ ယားနာရှိသူတွေ သက်ရင်းကြီး ရွက်ကို သင်္ဘောမယ်ဇလီရွက်နဲ့ရောညက်ထောင်းပြီး လိမ်းပေးရင် ပျောက်ကင်းစေပါတယ်။ အမျိုးသမီးတွေ မီးယပ်သွေးအဖြူဆင်းခြင်း၊ သားအိမ်မသန့်ရှင်းခြင်း၊ ယောနိမှာအနာရှိနေပါက သက်ရင်းကြီးအရွက်ပြုတ်ရည်နဲ့ ဆေးပေးနိုင်ပါတယ်။

သက်ရင်းကြီး အခေါက် 🪵

သက်ရင်းကြီးအခေါက်ကိုပြုတ်သောက်ပေးရင် ဖောယောင်ပြီးဖျားတဲ့အဖျားရောဂါကို သက်သာစေသလို အဆစ်ကိုက်ခဲဖောရောင်တာကိုလည်း ပျောက်ကင်းစေပါတယ်။❤️အဆုတ်၊ အသည်းရောင်ခြင်း၊ ကြီးခြင်းနဲ့ဖောရောင်ခြင်း ရှိသူတွေက အခေါက်ကိုသွေးသောက်လို့ရသလို လိမ်းပေးလို့လည်းရပါတယ်။ 🐍မြွေကိုက်လူနာတွေကိုလည်း အခေါက်ကိုသွေးတိုက်ရင် မြွေဆိပ်ပြေစေပါတယ်။ ဒဏ်ရာများရောင်တင်းခြင်းနဲ့ အကြောရောဂါရှိသူတွေကလည်း အခေါက်ကို သွေးလိမ်းနိုင်ပါတယ်။

သက်ရင်းကြီး အမြစ်

အကြောတက်၊ ညောင်းညာ၊ ဒူလာ၊ လိပ်ခေါင်းရောဂါရှိသူတွေအနေဖြင့် သက်ရင်းကြီးအမြစ်ကိုသွေးပြီး နေ့စဉ် သံပုရာရည်နဲ့ရောသောက်ပေးရင် ပျောက်ကင်းစေနိုင်ပါတယ်။ ထုံကျင်ကိုက်ခဲခြင်း၊ အဆစ်ကိုက်ခဲ၊ လေထိုးလေအောင့်၊ ဆီးချိုရောဂါ ရှိသူများလည်း အမြစ်ကိုသွေးသောက်လို့ရပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆီပိုတွေကျချင်တဲ့ ကိုကို၊ မမ တွေကလည်း အမြစ်ကိုသွေးပြီး သောက်သုံးနိုင်ပါတယ်။ အရက်ဖြတ်ချင်တဲ့ မိတ်ဆွေတွေက အမြစ်ကိုထန်းလျက်နဲ့စိမ်ပြီး စိမ်ဆေးအဖြစ်နေ့စဉ်သောက်သုံးပေးရင် အရက်ပြတ်နိုင်ပါတယ်။ အမျိုးသမီးများ မီးယပ်သွေးမမှန်ခြင်းနဲ့ရာသီချိန်ကိုက်ခဲနာကျင်ရင် အမြစ်မှုန့်ကိုဝါးရွက်ပြုတ်ရည်နဲ့ သောက်သုံးပေးရင် သက်သာ စေပါတယ်။ သက်ကြီးအစွမ်းကတော့ အံ့မခန်းပါပဲဗျာ။ သူ့ရဲ့အစွမ်းသတ္တိတွေကတော့ ရေးလို့မကုန်အောင်များ ပြားလှပါတယ်။ ဒါ့ကြောင့်လည်း အစွမ်းထက်တဲ့ အဖိုးတန်ရတနာလို့ တင်စားကြတာကိုးဗျ။

ဒီလိုမျိုးအစွမ်းထက်တဲ့ သက်ရင်းကြီးရဲ့အမြစ်ကို ကျွန်တော်တို့ သင်းကြူကြူမွှေး သဘာဝဆေးမြစ်စုံ ဖော်စပ်ရာ တွင်လည်း ထည့်သွင်းအသုံးပြုထားပါတယ်ဗျ။ သဘာဝဆေးမြစ်စုံအရည်ကို ဒူးနာ၊ ခါးနာ၊ ကြွက်သားနာ၊ ညောင်းညာ ကိုက်ခဲ၊ ထုံကျင်ကိုက်ခဲ၊ လေဖြတ်၊ လေငန်းနဲ့ အကြောရောဂါအမျိုးမျိုးအတွက် သုံးစွဲနိုင်ပါတယ်။ ဒါ့ကြောင့် သက်ရင်းကြီးရဲ့ အစွမ်းသတ္တိတွေနဲ့ အငွေ့သက်တွေကို ခံစားချင်တယ်ဆိုရင် သင်းကြူကြူမွှေး သဘာဝ ဆေးမြစ်စုံကိုသာ သတိရလိုက်ပါ